ငါးပြေမ ဆေးထိုးသားဖောက်နည်း

မျိုးပွားရာသီ














           ရေအကြည်နှုန်း 30cm













                အသုံးးပြုနိုင်ပါသည်



                   (3) Suprefact

                   (4) Ovaprim



                    အသုံးပြုနိုင်ပါသည်။


 ဆေးထိုးသားဖောက်နည်း








                  ငါးပြေမ အမ 1kg လျင်


                  ငါးပြေမအထီး 1kgလျင်
















 ထို့နောက်



အကယ်၇်ျ အကောင်မပေါက်ဘဲရေပေါ် အဆီဝှေ့နေပါက






သတိပြုရန်









မနက် ၇ရီခန့် သို့မဟုပ် ညနေ မှောင်တဲ့
တစ်နေ့လျင်နှစ်ကြိမ်
ယခုနည်းလမ်းများသည် လက်ရှိ ကျန်ာအောင်မြင်နေသောနည်းလမ်းများဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက
      ဖုန်း 09955529035
      ကမာမတ်စံပြကျေးရွာ

unicode
မျိုးပွားရာသီ
     မျိုးပွားရာသီသည် နှစ်စဉ်မတ်လမှ သြဂုတ်လအတွင်း ဖြစ်ပြီး မေလနှင့် ဇွန်လများသည် မျိုးပွားရန်                အကောင်းဆုံးကာလဖြစ်ပါသည်။
ငါးပြေမအထီး၏ လက္ခဏာများ
      ဝမ်းဗိုက်ကို အသာအယာညှစ်ကြည့်ပါက အဖြူရောင်မျိုးရည်များ မျိုးပွား အင်္ဂါပေါက်မှ စို့ထွက်လာပါမည်။ ငါးပြေအထီး၏ဝမ်းဗိုက်သည်သေးသွယ်သည်။
ငါးပြေမအမ၏ လက္ခဏာများ
 အရွယ်ရောက် ငါးပြေမသည် ဝမ်းဗိုက်အနည်းငယ်ဖောင်း၍ မျိုးပွားအင်္ဂါပေါက်သည် သိသာစွာကြီးထွားမှုဖြစ်၍ ဝမ်းဗိုက်ကို အသာအယာညှစ်ပါက ဥများစို့ထွက်လာပါမည်။ဝမ်းဗိုက်သည်ဥအမြှောင်းများကိုသိသာထင်၇ှားစွာမြင်တွေ့နိုင်သည်။
မျိုးငါးရွေးချယ်ခြင်း  
          ငါးပြေမ မျိုးငါးမ ၏ သက်တမ်းမှာ အကောင်းဆုံး အနေဖြင့် တစ်နှစ်မှ တစ်နှစ်အတွင်း ဖြစ်နိုင်လျင် ပိုမိုကောင်းမွန်ပါသည်။အထီး၏အလေးချိန်သည် အနိမ့်ဆုံး ၄ကျပ်သားမှ တစ်ဆယ်သားထိ အကောင်းဆုံးဖြစ်ပြီး အမကတော့၁၀သားမှ၂၀သားဝန်းကျင် အကောင်းဆု့းဖြစ်ပါသည်။ငါးမ တစ်ကောင်လျင် အထီးတစ်ကောင်နှုန်းဖြင့်လည်းကောင်း။ငါးမတစ်ကောင် အထီးနှစ်ကောင်နှုန်းဖြင့်လည်းကောင်း။အလေးချိန် ဆတူနှုန်းဖြင့် အသုံးပြုနိုင်ပါသည်။
ငါးသားဖောက်မည့်ရေ အရေသွေး
           ရေအပူချိန်  26'C မှ 32'c အတွင်း
           ရေအကြည်နှုန်း 30cm
           ချဉ်ဖန်နျုန်း PH 6မှ 8ကြား (6.5 မှ 7.5 ကြားအကောင်းဆုံး)
           ပျော်ဝင် အောက်စီဂျင် DO   4ml(L)
           အမိုးနီးယား NH3    0.1ml/L အမိုးနီးယားကင်းလျင်အကောင်းဆုံ

ဆေးထိုးသားဖောက်ခြင်း
           ဆေးထိုးသားဖောက်ရန် ကန်အကျယ်မှာ
           ငါးထီးငါးမအစုံ၅၀လျင် 
           ၁၀ပေပက်လည် လှောင်ကန်တစ်ခု
           တာပေါ်လင်များဖြင့်ပြုလုပ်နိုင်ပါသည်။
           အောက်စီဂျင် စက်တစ်လုံး 60watt (air comprosser)
           air stone များလိုအပ်ပါသည်။


ဟော်မုန်းဆေးထိုးခြင်း 
                ငါးပြေမငါးကို အောက်ပါဟော်မုန်းဆေးဝါးများ
                အသုံးးပြုနိုင်ပါသည်
                   (1) HCG (Human Chorionic Gonadotropin); 
                   (2) LH - RHa and Domperidone (DOM);
                   (3) Suprefact 
                   (4) Ovaprim
                    ဟော်မုန်းဆေး ၄ မျိုးအနက်
                    ကြိုက်နှစ်သက် ရာဟော်မုန်းဆေးဝါးများ
                    အသုံးပြုနိုင်ပါသည်။
 မြန်မာပြည်တွင် လွယ်ကူစွာ ဝယ်ယူနိုင်သော Ovaprim ဟော်မုန်းဆေးဖြင့်
 ဆေးထိုးသားဖောက်နည်း 
               ဆေးထိုးသားဖောက်လုပ်မည့်ငါးများအား အထီးအမ 
               တစ်ပက်ခန့်သီးခြား ခွဲထားရမည် 
               ဆေးထိုးချိန်မှာ ညနေ၄နာရီမှ ညနေ ၆နာရီအတွင်းထိုးရပါမည်

                  ovaprim တစ်ပုလင်းလျင်
                  မိုးရေ 20cc ဖြင့်ရောစပ် ဖျော်ပြီး
                  ငါးပြေမ အမ 1kg လျင် 
                  1cc နှုန်းဖြင့်မျှထိုးနိုင်ပါသည်။
                  ငါးပြေမအထီး 1kgလျင် 
                  0.5 cc နှုန်းမျှထိုးရပါမည်။
ovaprim ဖြင့်လွယ်ကူအရိုးရှင်းဆုံးဆေးထိုးနည်း
             ovaprim တစ်ပုလင်းလျင်
              မိုးရေ20 ccရောစပ်ပြီး

        ပုံတွင်ပြထားသည့်အတိုင်း
              အထီတစ်ကောင်းလျင် ၁စိတ်(10unit or 0.1cc)

              အမတစ်ကောင်လျင်  ၂စိတ် (20 unit or 0.2cc)

ဆေးထိုးပြီးပါက ဆေးထိုးပြီးငါးများအား လှောင်ကန်(HAPA) အတွင်းသို့ အကုန်ထည့်ပါ

ဆေးထိုးပြီးနှစ်နာရီအကြာတွင် ငါးများ မိတ်လိုက်နေပြီဖြစ်သဖြင့် လှောင်ကန်အား မီးထွန်းခြင်းခနခန ကြည့်ခြင်းများမပြုလုပ်သင့်ပါ


နောက်နေ့မနက်စောစောတွင် ငါးပြေမ အောက်ပါအတိုင်းမြင်တွေ့နိုင်ပါသည်

ငါးပြေမအထီးအမများအားလှောင်ကန် အတွင်းမှဖယ်ရှားပါ 
ငါးများဖယ်ရှားပြီးနောက် 
လှောင်ကန်အား အသစ်လဲပါ
 (ငါးပြေမဥသည် ရေပေါ်ပေါ်သည့်ဥ ဖြစ်သည့်အတွက် ရေထုပ်ပိုက်အား
 လှောင်ကန် အောက်ခြေမှ ထုပ်နိုင်ပါသည်။ ရေအသစ်ထည့်ပါက ရေအရှိန်မပြင်းစေရပါ)
 ထို့နောက်
 အောက်စီဂျင်စက်တက်ဆင်ပါ
ဥချပြီး ၈နာရီမှ ၁၅ နာရီအတွင်း အကောင်ပေါက်ပါမည်။
အကယ်၇ျ် အကောင်မပေါက်ဘဲရေပေါ် အဆီဝှေ့နေပါက
ငါးဥများပျက်စီးဆုံးနေပြီဖြစ်သဖြင့် အရေသွေးကောင်းသည့်
ရေများလဲလှည်ပေးသင့်ပါသည်။

အကောင်ပေါက်ပြီး ငါးမှုန်များအား 
လှောင်ကန်အတွင်း ၃ ရက်ခန့်ထားရပါမည်
ငါးမှုန်များသည် ဥတွင်ပါသော အညှိအချွဲများစားပြီး
အဟာရပြုသဖြင့် လှောင်ကန်ထဲတွင် အစာကျွေးရန်မလိုပါ
၃ရက်ခန့် လှောင်ကန်ထဲထားပြီးလျင်
မြေကန်သို့ပြောင်းရွှေ့ရမည်။


အောက်စီဂျင်စက်သည် အမြဲတမ်းပေးထားရမည်
မြေကန်အားပြင်ဆင်ခြင်း
     မြေကန်အကျယ်ဝန်းသည် ပေ၁၀၀ ပက်လည် ကျယ်ရမည်
မြေကန်အား ရေပြောင်အောင်ပက်ပါ 
ထုံး၅အိပ်ခန့် ကန်အနှံ့ ကျဲပါ 
ရေပြန်ထည့်လျင် ရေပိုးနှင့် တခြား ငါးသား
ပေါက်များ မဝင်စေရန် ရေထည့်ပိုက်အား ဇာပြာ ဖြင့်ကာပါ။

သတိပြုရန်
ကန်ရေ အရေသွေးသည် အပေါ်တွင်ရးထားသည့်
အရေသွေးပြည့်မှီရပါမည် (မမှီပါက ငါးအားလုံးသေနိုင်ပါသည်)
ငါးမှုန်လွတ်မည့် ကန်အတွင်း  ပုံတွင်ပြထားသည့်
ရေပိုးများ ဖားတစ်ပိုင်း ငါးတစ်ပိုင်းများသည် 
ငါးပြေမငါးမှုန်တွက် အန္တရယ် အရှိဆုံးပါ
ထိုအရာများမရှိအောင်သတိပြုရမည်



ငါးမှုန်ပြုစုနည်း အစာကျွေးနည်း
ငါးမှုန်မလွတ်ခင် မြေကန်အား တစ်ရက်ကြိုပြီး
ငါးပြေမ ငါးမှုန် စာ ZOOPLANKTON များပေါက်အောင်
  ပဲဖက် ပိသာချိန် ၂၀ခန့် အခြောက်သော်လည်းကောင်း
ရေစိမ်ပြီး သော်လည်းကောင်း ကျဲပေးသင့်ပါတယ်။
ငါးမှုန်များအား လှောင်ကန်အတွင်းမှ ပုံးဖြင့်သော်လည်းကောင်း
လေအိပ်နဲ့သော်လည်းကောင်း သယ်ယူပြီး မြေကန်အတွင်းသို့
မနက် ၇ရီခန့် သို့မဟုပ္ ညနေ မှောင်တဲ့
အချိန်တွင် မြေကန်အတွင်းသို့ လွတ်၇ပါမည်။
ငါးမှုန်လွတ်ပြီးနောက်
ငါးမှုန်စာအား GREENFEED 6306 ၂ပြည် ပဲဖက်၂ ပြည် 
ရေစိမ်ပြီး အစာရေပျော်သွားပါက ကန်အနှံ့ပက်ပေးသင့်ပါတယ်
တစ်နေ့လျင်နှစ်ကြိမ်
ငါးမှုန် ၇ရက်သားခန့်ရောက်တွင် 
GREENFEED 6306 အမှုန့်ကျွေးရပါမည်။


ယခုနည်းလမ်းများသည် လက်ရှိ ကျနာ်အောင်မြင်နေသောနည်းလမ်းများဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက 
      ဖုန်း 09955529035 
      EMAIL... apsaquaculture@gmail.com
      လာရောက်လေ့လာလိုပါက ကိုအောင်ပြည့်စုံ
      ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်
      ကမာမတ်စံပြကျေးရွာ
      အောင်ပြည့်စုံငါးသားဖောက်စခန်း

Comments

  1. ဖားကိုး ငါးပြေမထိုးဆေး နဲ့ ရတယ်မလားခင်ဗျာ

    ReplyDelete

Post a Comment